Posts

Showing posts from July, 2023

ယင်းမာပင်ဗကသနှင့် သွေးမအေးတဲ့ရွှေနွယ်သွေး သပိတ်စစ်ကြောင်းနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇူလိုင် ၃၁၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းကော်မတီနှင် ဒေသခံလူထု ပူးပေါင်းကာ “အမိမြေမဟုတ်ရင် သေခြင်းတရား”၊ “ကျောင်းသားပြည်သူလက်တွဲလို့ ရောင်နီသစ်ကိုဖန်တီးစို့” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၌ ယင်းမာပင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #WhatsHappeningInMyanmar

ကိုကိုးကျွန်းတိုက်ပွဲ ၅၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇူလိုင် ၃၁၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲကြီး ၅၂ နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၌ ရန်ကုန်မြို့တွင် “ဆံချည်တမျှင်တောင် နောက်မဆုတ်နဲ့ ဆက်တိုက်” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #ကိုကိုးကျွန်းတိုက်ပွဲ #ကိုကိုးကျွန်းသူရဲကောင်းများနေ့ #WhatsHappeningInMyanmar

ကျဆုံးရဲဘော်များအား ဂုဏ်ပြုအခမ်းအနားကို အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ပြုလုပ်

Image
၂၀၂၃ ဇူလိုင် ၂၉၊ ဗကသ ယမန်နေ့တွင် ကျဆုံးခဲ့သော ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ရဲဘော်များ အပါအဝင် ဒီမိုကရေစီအရေး၊ လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သောရဲဘော်များအား အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဂုဏ်ပြုအခမ်းအနားတရပ်ကို ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် အရာတော်မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #ဘုတလင် #WhatsHappeningInMyanmar

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်း၊ ကိုသုတနေ တို့အား ဂုဏ်ပြု‌သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁၀/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်                   ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်း နှင့် သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေ တို့သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ရင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျဆုံးသွားပါသည်။  စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနှင့် ကိုသုတနေ တို့အား ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်တို့၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း

၁၉၈၈ လူထုအရေးတော်ပုံ တိုက်ပွဲဝင် ဗကသကျောင်းသားခေါင်းဆောင်၊ ၁၉၈၈ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဌဟောင်း ရဲဘော်သန့်ဇင် ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

Image
  သဝဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်                              ၁၉၈၈ လူထုအရေးတော်ပုံ တိုက်ပွဲဝင် ဗကသရဲဘော်၊ ၁၉၈၈ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဌဟောင်းဖြစ်သူ ရဲဘော်သန့်ဇင်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို ဗကသများအဖွဲချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။                              ရဲဘော်သန့်ဇင်သည် ၁၉၈၈ လူထုအရေးတော်ပုံအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်တဦးဖြစ်ပြီး ဗကသများအဖွဲချုပ်၏ တာဝန်ဝတ္တရားများကို ဘဝတလျှောက်လုံး နည်းလမ်းပေါင်းစုံဖြင့် ထမ်းရွက်ခဲ့သူ၊ ဗကသများအဖွဲချုပ်၏ အလံတော်ကို ဘဝတလျှောက် သယ်ဆောင်ချီတက်ခဲ့သူ၊ ဘဝ၏ နောက်ဆုံးသောအချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးရပ်တည်ချက် ခိုင်ခိုင်မြဲမြဲရှိခဲ့သူဖြစ်သည်။ ရဲဘော်သန့်ဇင်သည် လူထုတိုက်ပွဲများအတွင်းမှ ပေါ်ထွက်လာသော ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ရုံသာမက ကျောင်သားထု၏ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသူဖြစ်သည်။ ထို့အပြင် ဗကသများအဖွဲ့ချုပ်၏ ၈ ကြိမ်မြောက် ညီလာခံကို စိတ်ရောကိုယ်ပါ အလေးအနက်ထောက်ခံ အားပေးခ

၇၆ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇူလိုင် ၂၁၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ၇၆ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့၌ ရန်ကုန်မြို့တွင် “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” တိုက်ပွဲခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #19July #ဆယ့်ကိုးဇူလိုင် #ဗကသ #WhatsHappeningInMyanmar

ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို ဖက်ဆစ်တပ်က ထောင်ဒဏ် နှစ် ၂၀ မတရားချမှတ်

Image
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀၊ ဗကသ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်အား ဖက်ဆစ်တပ်က မတရားစွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) ဖြင့် ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရပြီး ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံအမိန့်ချခံရခြင်းဖြစ်သည်။ ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယခုလက်ရှိတွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဗကသများအဖွဲ့ချုပ် #ကိုဉာဏ်ဝင်းထက် #WhatsHappeningInMyanmar

၇၆ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇူလိုင် ၂၀၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီ တို့ပူးပေါင်း၍ ၇၆ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၁၉ ရက်နေ့၌ အရာတော်မြို့နယ်တွင် “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” တိုက်ပွဲခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #19July #ဆယ့်ကိုးဇူလိုင် #ဗကသ #WhatsHappeningInMyanmar

၇၆ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇူလိုင် ၁၉၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ၇၆ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၌ ယင်းမာပင်မြို့နယ်တွင် “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာသားပါဘန်နာအား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #19July #ဆယ့်ကိုးဇူလိုင် #ဗကသ #WhatsHappeningInMyanmar

၇၆ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇူလိုင် ၁၉၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ၇၆ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၌ ဘုတလင်မြို့နယ်တွင် “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာသားပါဘန်နာအား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #19July #ဆယ့်ကိုးဇူလိုင် #ဗကသ #WhatsHappeningInMyanmar

ဗကသက ဦးဆောင်၍ မဟာမိတ်များနှင့်ပူးပေါင်းပြီး ဆဲဗင်းဂျူလိုင် ၆၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇူလိုင် ၉၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ North Dagon Oppressed People's Strike Colition (NDOPSC)၊ ဗမာ့လူငယ်ကွန်ရက် (ဗလက) နှင့် Burmese Youth Revolutionary Force (BYRF) တို့ ပူးပေါင်းပြီး ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ကိုင်စွဲကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ” စာသားပါဘန်နာဖြင့် ယနေ့ ဇူလိုင်လ ၉ ရက်နေ့၌ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #NDOPSC #BYN #BYRF #7July #ဆဲဗင်းဂျူလိုင် #ဗကသ #၇၇၆၂မမေ့ကြနဲ့ #WhatsHappeningInMyanmar