ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို ဖက်ဆစ်တပ်က ထောင်ဒဏ် နှစ် ၂၀ မတရားချမှတ်

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀၊ ဗကသ

ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်အား ဖက်ဆစ်တပ်က မတရားစွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) ဖြင့် ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရပြီး ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံအမိန့်ချခံရခြင်းဖြစ်သည်။

ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယခုလက်ရှိတွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #ဗကသများအဖွဲ့ချုပ် #ကိုဉာဏ်ဝင်းထက် #WhatsHappeningInMyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ