၁၉၈၈ လူထုအရေးတော်ပုံ တိုက်ပွဲဝင် ဗကသကျောင်းသားခေါင်းဆောင်၊ ၁၉၈၈ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဌဟောင်း ရဲဘော်သန့်ဇင် ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

 
သဝဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက် 
 
                          ၁၉၈၈ လူထုအရေးတော်ပုံ တိုက်ပွဲဝင် ဗကသရဲဘော်၊ ၁၉၈၈ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဌဟောင်းဖြစ်သူ ရဲဘော်သန့်ဇင်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို ဗကသများအဖွဲချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။ 
 
                          ရဲဘော်သန့်ဇင်သည် ၁၉၈၈ လူထုအရေးတော်ပုံအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်တဦးဖြစ်ပြီး ဗကသများအဖွဲချုပ်၏ တာဝန်ဝတ္တရားများကို ဘဝတလျှောက်လုံး နည်းလမ်းပေါင်းစုံဖြင့် ထမ်းရွက်ခဲ့သူ၊ ဗကသများအဖွဲချုပ်၏ အလံတော်ကို ဘဝတလျှောက် သယ်ဆောင်ချီတက်ခဲ့သူ၊ ဘဝ၏ နောက်ဆုံးသောအချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးရပ်တည်ချက် ခိုင်ခိုင်မြဲမြဲရှိခဲ့သူဖြစ်သည်။ ရဲဘော်သန့်ဇင်သည် လူထုတိုက်ပွဲများအတွင်းမှ ပေါ်ထွက်လာသော ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ရုံသာမက ကျောင်သားထု၏ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသူဖြစ်သည်။ ထို့အပြင် ဗကသများအဖွဲ့ချုပ်၏ ၈ ကြိမ်မြောက် ညီလာခံကို စိတ်ရောကိုယ်ပါ အလေးအနက်ထောက်ခံ အားပေးခဲ့သူတဦးလည်း ဖြစ်သည်။
 
                          ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်အနေဖြင့် ရဲဘော်သန့်ဇင်၏ စွန့်လွှတ်ပေးဆပ်မှုများနှင့် တိုက်ပွဲဝင်စိတ်ဓါတ်များကို အစဉ်အမြဲ အောက်မေ့သတိရနေမည်ဖြစ်ပြီး မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကို တောင်တန်းမြေပြန့်ဒေသပေါင်းစုံရှိ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

❝မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့❞

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty