ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်သုံးစစ်တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်



၂၀၂၄ ဇန်နဝါရီ ၁၉၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် General Strike Committee - (GSC) ကော်မတီဝင် အဖွဲ့အစည်းများဖြစ်သည့်  မင်္ဂလာတောင်ညွှန့်မြို့နယ် သပိတ်ကော်မတီ၊ တာမွေမြို့နယ် သပိတ်ကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ သာကေတမြို့နယ် သပိတ်ကော်မတီ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)နှင့် Yangon Revolution Force (YRF) တို့ ပူးပေါင်း၍ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆိီသို့”၊ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” စာသားပါဘန်နာများအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။






“အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့”

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #အထွေထွေအကျပ်အတည်း #လှုပ်ရှားမှု

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့