ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌအား ကျောက်တံတားမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၁ လ ချမှတ်


ဒီဇင်ဘာ ၂၉၊ ဗကသ

ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ၅၀၅ (ခ) နှင့် ငြိမ်းစုစီပုဒ်မများအတွက် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခဲ့ပြီး ချုပ်ရက်ခံစားခွင့်မပေးကြောင်းလည်း သိရသည်။ 

ကမာရွတ်မြိုနယ် တရားရုံးနှင့် မရမ်းကုန်းမြို့နယ် တရားရုံးများတွင်လည်း ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား မတရားပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ် 
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ