ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ထောင်တွင်းအကြမ်းဖက် နှိပ်စက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ

ဒီဇင်ဘာ ၃၀၊ ဗကသ

ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုအား မနေ့က ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်အပြီးတွင် ကိုဝေယံဖြိုးမိုးအား အင်းစိန်ထောင် သပြေဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။ 

ထိုသို့ ပြောင်းရွှေ့ရာတွင် ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ပုံ‌စံခန်းသို့ခေါ်ဆောင်ပြီး သပြေဆောင်မှူးမှ ဖိနပ်နှင့် ပါးရိုက်ခဲ့ပြီး အကျဉ်းသား ၅ ‌ယောက်မှ ၂ ကြော့ပြန်ကာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့မှုများကြောင့် ကိုဝေယံဖြိုးမိုး၏ လည်ပင်းတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး နံရိုးများကျိုးသည်ဟု သိရသည်။ ကိုဝေယံဖြိုးမိုး၏ အသက်အန္တရာယ်အထိ စိုးရိမ်ရသော ထိခိုက်ဒဏ်ရာများအတွက်လည်း အင်စိန်ထောင် အာဏာပိုင်များမှ ယခုအချိန်အထိ ဆေးကုသခွင့် မပေးဘူးဟု သိရသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ် 
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ