ဗကသဒုဥက္ကဌအား အပြီးသတ်အမိန့်ချသည့်နေ့တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

​


၂၀၂၂ စက်တင်ဘာ ၂၈၊ ဗကသ


ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး၏ မိန့်ခွန်းကြွေးကြော်သံဖြစ်သည့် "ဒီမိုကရေစီကိုစျေးမဆစ်နဲ့ အကုန်ရရင်ရ မရရင် ဘာတခုမှမလိုချင်ဘူး" ဟူသည့် စာသားပါဘန်နာနှင့် "သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့"၊ "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို မတရားဖမ်းဆီးခံထားရသော ဗကသဒုဥက္ကဌအား အပြီးသတ်အမိန့်ချမှတ်ခံရသည့် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြိုင်မြို့နယ်၌ ပြုလုပ်ခဲ့ကြသည်။ 








အဆိုပါလှုပ်ရှားမှုကို ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။














ဓာတ်ပုံ - BEGSC-MYAING


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #whathappeninginmyanmar #ကိုဝေယံဖြိုးမိုး #ဗကသ #ဒုဥက္ကဌ

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်