"ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးစကားဝိုင်း"
"ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးစကားဝိုင်း"
ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့တာ အခုဆိုရင် (၃၈) နှစ်တောင် ကြာခဲ့ပါပြီ။ ဒီအရေးတော်ပုံကြီးဟာဆိုရင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းကြောင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့ပြီး အခု ၂၀၂၁ နွေဦးတော်လှန်ရေးအတွက်လည်း သမိုင်းသင်ခန်းစာတွေ အများကြီးလက်ဆင့်ကမ်းနိုင်ခဲ့တဲ့ တော်လှန်ရေးတရပ်ဆိုလည်း ဟုတ်ပါတယ်။
ဒါကြောင့် (၃၈) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် "ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးစကားဝိုင်း" ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းမှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးကြားက မတူညီကွဲပြားချက်တွေ၊ အရှေ့ရှေ့တော်လှန်ရေးတွေက သမိုင်းသင်ခန်းစာတွေနဲ့အတူ လက်ရှိတော်လှန်ရေးမှာ ဘာတွေလိုအပ်နေလဲ၊ ဘာတွေလုပ်ကြမလဲကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကမှတဆင့် ဒီနွေဦးတော်လှန်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုတွေကြားက ညီညွတ်ရေးတရပ်ကို မီးမောင်းထိုးပြပြီး ဒီညီညွတ်ရေးကို ဘယ်လိုဖော်ဆောင်ကြမလဲကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကိုတော့ သပိတ်ကော်မတီအင်အားစုကြီးတွေ ဖြစ်တဲ့ GSC ၊ GSCB ၊ GSCC ၊ GSCN နဲ့ AJMM တို့က ပူးပေါင်းစီစဉ်ထားပြီး GSC က မခင်နီ၊ GSCC က ကိုဆန်နီ နဲ့ GSCB က မချောစုစံတို့က ကိုယ်စားပြုဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ရက်စွဲ - ၇ ရက်၊ ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်
အချိန် - ည ၇ နာရီ (မြန်မာစံတော်ချိန်)
ညီညွတ်ရေးလက်နက်ကို တပ်ဆင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုတွေကြား တပ်ပေါင်းစုကြီးတရပ် တည်ဆောက်ဖို့က ဘုံရန်သူအမြစ်ဖြတ်ရေးအတွက် အရေးတကြီး လိုအပ်နေပါတယ်။
"ညီညွတ်ရေးဟာ အစွမ်းထက်ဆုံး လက်နက်"
General Strike Committee - GSC
General Strike Coordination Body - GSCB
General Strike Comittee of Nationalities - GSCN
General Strike Collaboration Committee - GSCC
Anti-Junta Mass Movement - AJMM