ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ


သဝဏ်လွှာအမှတ် - /ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်


စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ဖက်ဆစ်အုပ်စု၏ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ် ဥက္ကဌဟောင်း ကိုညီမင်းသူ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် (နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံး၏ ဘုံရန်သူအား နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအာဇာနည် ရဲဘော်ညီမင်းသူအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် မှအလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


ခေတ်အဆက်ဆက်တွင် ကျောင်းသားထုနှင့် လူမျိုးပေါင်းစုံပြည်သူလူထုအား ရက်ရက်စက်စက် သတ်ဖြတ်ကာစစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော ဖက်ဆစ်တပ်သည် ယခုနွေဦးတော်လှန်ရေးတွင်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်မှု နှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကိုဆက်လက်ကျူးလွန်နေသည်။ 


ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးအတွက် ဗကသရဲဘော် ကိုညီမင်းသူ၏ မပြီးပြတ်သေးသော တိုက်ပွဲတာဝန်များအား ဆက်လက်သယ်ဆောင်ကာ ဘုံရန်သူစစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty