ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း တာရာ (ခ) ဘုန်းတာရာနွယ် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း



ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း တာရာ (ခ) ဘုန်းတာရာနွယ် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း


သဝဏ်လွှာအမှတ် - ၁၀/ဗကသ/၂၀၂၆

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်


ရဲဘော်တာရာသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ  ဗကသများအဖွဲ့ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး မအူပင်ခရိုင်တွင် အတွင်းရေးမှူးအဖြစ် ထမ်းရွက်ခဲ့သူဖြစ်သည်။


ရဲဘော်တာရာသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်များကို ထမ်းဆောင်ရင်း ဩဂုတ်လ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) မနက် ၈ နာခွဲအချိန်မှာ ကျဆုံးခဲ့ကြောင်း သိရသည်။


ရဲဘော်တာရာသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ခရီးလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းပြီး ကျရာနေရာတွင် တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့သူ ဖြစ်သည်နှင့်အညီ ရဲဘော်၏ ကျဆုံးမှုအတွက် ဗကသများအဖွဲ့ချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။ဗကသများအဖွဲ့ချုပ်အနေနှင့် ရဲဘော်တာရာ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ်တို့ကို လေးစားဂုဏ်ပြုပါကြောင်း ပြောကြားရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။


ဗဟိုစည်းရုံးရေးကော်မတီ

ဗကသများအဖွဲ့ချုပ်

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ