ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဦးလှကွန့် (သို့မဟုတ်) ဦးလေးမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ


ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဦးလှကွန့် (သို့မဟုတ်) ဦးလေးမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၁၁/ဗကသ/၂၀၂၆

‌ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၃ ရက်


ဗကသများအဖွဲ့ချုပ် ၁၉၅၆ ခုနှစ် ကျောင်းသားခေါင်းဟောင်းတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှကွန့်သည် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ဗကသများအဖွဲ့ချုပ်အနေနှင့် အထူးပင် ဝမ်းနည်းမိပါသည်။


ဦးလှကွန့်သည် ဗကသများအဖွဲ့ချုပ်တွင်လည်း ကျရာနေရာမှာ ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း မတရားဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်သည်။ ထို့အပြင် သူသည် သမိုင်းသုတေသီတဦးအဖြစ်လည်း ဆည်းပူးလေ့လာဝေမျှရင်း လူထုအထံ အသိပညာ ဖြန့်ဝေခဲ့သူဖြစ်သည်။


ဗကသများအဖွဲ့ချုပ်အနေနှင့် ဦးလှကွန့်၏ ဖြတ်သန်းမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် အသိပညာတ်ို့ကို ဂုဏ်ယူတန်ဖိုးထားရသည့်အပြင် ဦးလှကွန့် ကွယ်လွန်သွားခြင်းအတွက်လည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း ပြောကြားရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။


#ABFSU

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ