အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ထွက်ပါပြီ

စေ့စပ်ရေး အတွေးအခေါ်ကို တိုက်ဖျက်ကြ
___
ဗကသများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းထုတ်ဝေနေတဲ့ အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ထွက်ပါပြီ။ ဒီတပတ်စာစောင်မှာတော့ စစ်အုပ်စုက စေ့စပ်ရေးလမ်းကြောင်းခင်းနေတာကို သတိထားကြဖို့ 'စေ့စပ်ရေးအတွေးအခေါ်ကို တိုက်ဖျက်ကြ' ဆိုတဲ့ ကြွေးကြော်သံနဲ့ တပ်လှန့်ထားပါတယ်။ ဒီအကြောင်းကို အယ်ဒီတာ့ အာဘော်အနေနဲ့ ဖတ်ရှုနိုင်ပြီး အခြား ဖတ်စရာတွေအနေနဲ့ - 

◾️ ကဗျာ
ကျဆုံးလေပြီးသော ပန်းပွင့်များ - ဒဂုန်တာရာ၊ ကျေးရွာ၏ ရဲရင့်ခြင်း - မောင်လေးအောင်၊ ငါသေနတ်မပစ်တတ်ဘူး - ခက်သီ၊ မေဒေး - မောင်မြတ်သူ၊ အိပ်မက်လွယ်၍ အိမ်မှပြေးခဲ့သည် - ခွဲထွက်

◾️ သရော်စာ
ခမာဂျင်း၊ နိပွန်ဂျင်း၊ ဘိရုမာဂျင်း - မောင်ပေသီး

◾️ သတင်းဆောင်းပါး
တရွာလုံးနီးပါး ပြာကျပေမယ့် အလံမလိပ်၊ အသံမတိတ် ဆက်လက်တော်လှန်သွားမယ့် မလဲသာသပိတ် - ဘအို

◾️ ဆောင်းပါး
မှိုလိုပေါက်လာတဲ့ စစ်တပ်ဒေါက်တိုင်အဖွဲ့အစည်းတွေနဲ့ ဒလန်ဟုဆို ပြဿနာ - ခေါင်၊ ပေါ်ပြူလစ်လော်ဘီများနှင့်တော့ ဤခရီးကို သွား၍မရကြောင်း - ပိုင်ချိမ့်ခေါင်၊ နွေဦးတော်လှန်ရေး တနှစ်တာအမြင် အပိုင်း ၂ - လေ့လာသူတဦး

◾️ ဝတ္ထုတို
သစ္စာနီ ခရီးကောက်ကြောင်း - ဘိုကျော်နွေဦး

စတာတွေနဲ့ သတင်းစုစည်းမှုတွေ မှတ်တမ်းတွေကို ဖတ်ရှုရမှာပါ။
___


အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။
___
#Oway0203 #Oway #ABFSU #UYSU #Whatshappeninginmyanmar #စေ့စပ်ရေးအတွေးအခေါ် #တိုက်ဖျက်ကြ #အိုးဝေ

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ