သုံးခွမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


မတ်လ ၂၇၊ ဗကသ

သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ သုံးခွ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၂ သုံးခွ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ သုံးခွမြို့မဈေးအနီးတွင် ဆရာကြီးဟံသာဝတီဦးဝင်းတင် ၏ မိန့်ခွန်းတခုဖြစ်သည် "ချုပ်ချယ်ရင်ရုန်းကန်၊ ဖိနှိပ်ရင်တွန်းလှန်၊ တိုက်ပွဲအောင်လံ ထူကြ လွှင့်ကြ" စာသားပါဘန်နာအား ချိတ်ဆွဲခြင်း၊ လမ်းမများပေါ်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုံ့ဆော်စာသားပါ စာရွက်များကြဲခြင်းတို့ကို မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) ၌ ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty