ကြို့ပင်ကောက် ဗကသမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


မတ်လ ၂၈၊ ဗကသ

ဗမာပြည်နိုင်ငံရေးသမိုင်းတွင် ဂုဏ်ရောင်ထွန်းပြောင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေး စတင်ခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထကကြို့ပင်ကောက် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "၄၈၂၈ စိတ်ဓာတ် ကိုင်စွဲတိုင်ပွဲ၀င်ကြ" ဟူသော စာသားပါဘန်နာအား ချိတ်ဆွဲ၍ ဗကသခွပ်ဒေါင်းအောင်လံအား လွှင့်ထူကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။


၄၈၂၈ စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲ၀င်ကြ။
ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ