ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်


မတ် ၂၇၊ ဗကသ

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နဲ့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီတို့ ဦး‌ဆောင်ပြီး အရာတော်မြို့နယ် ကျေးရွာတရွာမှာ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတခုကို ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


 

အဲဒီလှုပ်ရှားမှုမှာ ကျောင်းသားများနဲ့ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး "ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ" ဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲကာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


 

ဆန္ဒထုတ်ဖော်ပွဲမှာ အရာတော်သပိတ်တက်ကြွလှုပ်ရှားသူ ကိုသက်နောင်က လူထုအား သပိတ်တရား မကြောက်တရားများ ဟောပြောခဲ့တယ်လို့ သိရပါတယ်။





#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်