ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို ဖက်ဆစ်တပ်က ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်


၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇၊ ဗကသ


ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်အား ဖက်ဆစ်တပ်က မတရားစွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) တို့ဖြင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် အမိန့်ချလိုက်ကြောင်း သိရသည်။ 


ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်သည် ဖက်ဆစ်တပ်က မတရားစွဲဆိုထားသည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) ဖြင့် ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရပြီး နောက်ထပ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတခုကို ထပ်မံရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။ ကိုဉာဏ်ဝင်းထက်နှင့်အတူ ဖမ်းဆီးခံရသော အခြားကျောင်းသား ၃ ဦးကိုလည်း ထောင်ဒဏ် ၈ နှစ်စီ မတရားအမိန့်ချထားကြောင်း သိရသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #ဗကသများအဖွဲ့ချုပ် #ကိုဉာဏ်ဝင်းထက် #whatshappeninginmyanmar 

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty