ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ကျောင်းသားထုညီလာခံ ပြုလုပ်

​


၂၀၂၂ နိုဝင်ဘာ ၂၉၊ ဗကသ


ကြာအင်းဆိပ်ကြီးမြို့နယ်၌ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ ပညာရေးသပိတ် ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် ကြားကာလပညာရေးအတွက် မြို့နယ်လုံးဆိုင်ရာ ကျောင်းသားထုညီလာခံတရပ်ကို စစ်​ရေးအခြေအနေ မတည်ငြိမ်သည့်ကြားကပင် ကျင်းပပြုလုပ်ခဲ့ပါသည်။












ညီလာခံအား မြို့နယ်တွင်း ပြည်သူ့အခြေပြု ကိုယ်ထူကိုယ်ထကျောင်းတခုတွင် ကျင်းပခဲ့ပြီး ပြည်သူ့အခြေပြု ကျောင်းအသီးသီးမှ ကျောင်းသားကိုယ်စားလှယ်များ ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဝင်းရေးမြို့နယ် ကရင်လူငယ်အစည်းအရုံးတို့မှလည်း လေ့လာသူအနေဖြင့် တက်ရောက်ခဲ့ကြပါသည်။












ညီလာခံတွင် လူထုတော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ရန် ကိစ္စရပ်များ ကြားကာလပညာရေးဆိုင်ရာကိစ္စရပ်များအား ရှေ့လုပ်ငန်းစဥ်အနေဖြင့် ချမှတ်နိုင်ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အလုပ်အမှုဆောင်သစ်ကိုလည်း လျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်၍ တင်မြောက်နိုင်ခဲ့သည်။
















သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #ကျောင်းသားထုညီလာခံ #whatshappeningnowinmyanmar

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ