နေအိမ်ဖြိုဖျက်ခံရသော မိဘပြည်သူများအား ဗကသများအဖွဲ့ချုပ်မှ ထောက်ပံ့ကူညီခဲ့



၂၀၂၂ နို၀င်ဘာ ၃၀၊ ဗကသ


ဗကသရဲဘော်များမှ ယနေ့ နို၀င်ဘာလ ၃၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ အိမ်ဖျက်ခံရသော မိဘပြည်သူများအား တအိမ်ထောင်လျှင် မြန်မာငွေကျပ် တသိန်းနှုန်းဖြင့် အိမ်ထောင်စု ၂၂ စုအား အလှူရှင်များကိုယ်စား သွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။








မိမိတို့ ဗကသများအဖွဲ့ချုပ်မှ ဖက်ဆစ်တပ်၏ မတရားဖိနှိပ်ခံရသော မိဘပြည်သူများအား ထောက်ပံ့ကူညီရန် ၁၀ ရက်တိတိ ရန်ပုံ‌ငွေကောက်ခံခဲ့ရာ မြန်မာငွေကျပ် ၂၂ သိန်း၀န်းကျင် ရရှိခဲ့ပါသည်။








အာဏာသိမ်းဖက်ဆစ်တပ်မှ ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၁၆ ရက်နေ့မှစ၍ မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ နေအိမ်များအား အင်အားသုံးအကြမ်းဖက်၍ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 










သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #whathappeninginmyanmar

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ