လူထုဒေါ်အမာ (၁၀၇)နှစ်ပြည့်မွေးနေ့ အကြို အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ နိုဝင်ဘာ ၂၈၊ ဗကသ


ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ လူထုဒေါ်အမာ (၁၀၇)နှစ်ပြည့်မွေးနေ့ အကြို အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ "အာဏာရှင်လက်ဆုပ်ထဲက အာဏာကို ဖြည်ယူလို့မရဘူး ဖြတ်ယူမှ ရမယ်"၊ "တရားမဝင် ရွေးကောက်ပွဲကြောင့် လူထုလက်သန်း သွေးမစွန်းစေနဲ့" စာသားပါဘန်နာများအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။










အဆိုပါလှုပ်ရှားမှုကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ခွဲ ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်းနှင့် အောင်စည်တော် သပိတ်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးဟောပြောခြင်း၊ သပိတ်တရား ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။














သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #လူထုဒေါ်အမာ #whathappeninginmyanmar

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty