ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က FoodPanda Rider များ၏ သပိတ်ကို ပြည်သူများအနေဖြင့် ဝန်းရံကြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေလှုံ့ဆော်


၂၀၂၂ ဇွန် ၂၉၊ ဗကသ

FoodPanda rider များ၏ သပိတ်မှောက်မှုကို ပြည်သူများက ဝန်းရံပေးကြရန် လက်ကမ်းစာစောင်များ ဖြန့်‌ဝေလှုံ့ဆော်သည့်လှုပ်ရှားမှုကို ရန်ကုန်၊ လှည်းတန်းတွင် ဇွန်လ ၂၉ ရက်နေ့၌ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက ပြုလုပ်ခဲ့ပါသည်။




အဆိုပါလှုပ်ရှားမှုတွင် မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပြုလုပ်ခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် FoodPanda Rider များ သပိတ်မှောက်ရသည့် အကြောင်းအရင်း၊ Rider များ၏ တောင်းဆိုချက်များရရှိရန် စားသုံးသူများက ဝန်းရံပြီး Foodpanda Application ကို မသုံးစွဲရန် နှိုးဆော်ချက်များ ပါရှိသည်။





FoodPanda ကုမ္ပဏီဘက်က Rider များ၏ တောင်းဆိုချက်များကို ညှိနှိုင်းဆွေးနွေးခြင်း မရှိသဖြင့် သပိတ်အရှိန်အဟုန်မြှင့်၍ ဇွန် ၁၃ တွင် “Zero Customer Campaign” ပြုလုပ်နေသည်။ ယခုနှစ် မတ် ၁၆ က လည်း FoodPanda Rider များက တောင်းဆိုချက် ၇ ချက်ဖြင့် ကုမ္ပဏီကို ပထမဆုံးအကြိမ် သပိတ်မှောက်ခဲ့သော်လည်း ကုမ္ပဏီဘက်က rider များ၏ တောင်းဆိုချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင်လည်း တောင်းဆိုချက်များနှင့် ကိုက်ညီမှုမရှိကြောင်း သိရသည်။



လက်ကမ်းစာစောင်ကို ဒေါင်းလုတ်ရယူရန်

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #foodpanda #WhatHappeningInMyanmarNow

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ