ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တာမွေမြို့နယ် ဗကသမှ လှုပ်ရှားမှုပြုလုပ်


၂၀၂၂ ဇွန် ၂၇၊ ဗကသ

၇၄/၇၅/၇၆ ကျောင်းသားလှုပ်ရှားမှုများတွင် ရဲရဲတောက် ဦးဆောင်ပါဝင်ခဲ့သော ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၆ ရက်နေ့၌ လွတ်မြောက်နယ်မြေတခုရှိ တော်လှန်ရေးတပ်သား ရဲဘော်များအား တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးဖြတ်သန်းမှု၊ စစ်အာဏာရှင်တို့၏ မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရမှု နှင့် သူ၏ ရပ်တည်ချက်ပြတ်သားမှုတို့အား ရေးသားဖော်ပြထားသည်။ လက်နက်ကိုင်တော်လှန်ရေးရဲဘော်များ၏ နိုင်ငံရေးအမြင်၊ သမိုင်းအမြင် ကျယ်ပြန့်စေရန် နှင့် ဆလိုင်းတင်မောင်ဦး၏ စိတ်ဓာတ်နှင့်ခံယူချက်တို့အား ဆက်လက်ကိုင်စွဲကာ တိုက်ပွဲဝင်ကြရန်ရည်ရွယ်၍ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ