ဆလိုင်း‌တင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဇွန် ၂၉၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်း၍ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မတရားကြိုးပေးကွပ်မျက်ခံရခြင်း (၄၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားတရပ်ကို ဇွန်လ ၂၇ ရက်နေ့၌ အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။




ကျောင်းသား/ပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းသည် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ မိန့်ခွန်းကြွေးကြော်သံတရပ်ဖြစ်သည့် “မင်းတို့စစ်ဖိနပ်‌အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး” စာသားပါဘန်နာအား ကိုင်စွဲကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ဇွန် ၂၆ တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။




(သပိတ်စစ်ကြောင်း လုံခြုံရေးအား တာဝန်ယူဆောင်ရွက်ပေးပါသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။)

မှတ်ချက် ။ ။ အရာတော်ဒေသအား ဖက်ဆစ်တပ်က အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် ထုတ်ပြန်မှု နောက်ကျခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty