အရာတော်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်‌


‌၂၀၂၂ ဇွန် ၃၀၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာပြည်သူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်သော အရာတော်မြို့နယ် လူထုသပိတ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ❝‌သွေးစည်းညီညွတ် တော်လှန်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။





သပိတ်ခေါင်းဆောင်များနှင့် ‌ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များက မျက်မှောက်ရေးရာအခြေအနေများကို လူထုအား အစီရင်ခံတင်ပြပြီး လက်နက်ကိုင်တော်လှန်ရေးကို အားပေးပါဝင်ကြရန် ဟောပြောနှိုးဆော်ခဲ့ကြသည်။


လူထုသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လာရောက်ဝန်းရံပြီး လုံခြုံရေးယူပေးကြသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။




သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ