ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသနှင့် ဗမသမှ ရန်ကုန်မြို့အတွင်း လှုပ်ရှားမှုပြုလုပ်


ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသနှင့် ဗမသမှ ရန်ကုန်မြို့အတွင်း လှုပ်ရှားမှုပြုလုပ်

မတ် လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်

ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ သမဂ္ဂတို့ စုပေါင်းပြီး ရန်ကုန်မြို့တနေရာမှာ နိုင်ငံရေးဟောပြောမှု လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြပါတယ်။

ဖက်ဆစ်နယ်ချဲ့ကို တော်လှန်ခဲ့တဲ့နေ့အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒီလိုနေ့ထူးနေ့မြတ်ကို နေဝင်းစစ်အစိုးရက တပ်မတော်နေ့လို့ အမည်ပြောင်းသိမ်းပိုက်ခဲ့တာတွေနဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ ဖိနှိပ်မှုတွေကို လူထုသိအောင် အသိပေးပြောကြားခဲ့ပြီး တဆက်တည်းမှာပဲ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းကြဖို့ရာ ‌နှိုးဆော်ထားပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #AntiFascistDay #StudentsMovement #WomensMovement

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ