ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


ဖေဖော်ဝါရီ ၂၂၊ ဗကသ

၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် GSC အင်အားစုများဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ ၊ လူ့ဘောင်သစ်လူငယ်များ၊ သာကေတမြို့နယ်လူငယ်သပိတ်ကော်မတီနှင့် မြို့နယ်အသီးသီးသပိတ်လူငယ်များ ပူးပေါင်း၍ "လူထုလက်ရုံး ၂ ခြောက်လုံး၊ စစ် ၃ စစ်ကိုအပြတ်ကျုံး" စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြပါသည်။



#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ