၂ ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်
ဖေဖော်ဝါရီ ၂၂၊ ဗကသ
၂ ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှဦးဆောင်၍ ကျေးရွာပြည်သူလူထုများ ပါဝင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ❝အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်❞ စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ကြပါသည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU