ဗကသများအဖွဲ့ချုပ်မှ သုံးခွမြိုနယ်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးဆန့်ကျင်ရေးအတွက် လှုံ့ဆော်

ဖေဖော်၀ါရီ ၂၁၊ ဗကသ

သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ သုံးခွ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၂ သုံးခွ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးတိုက်ဖျက်ရေးအတွက် ကျောင်းနံရံများတွင် လှုံ့ဆော်စာသားများ ရေးသားခြင်း၊ ဘန်နာများချိတ်ဆွဲခြင်း၊ အိုးဝေစာစောင်စတစ်ကာများ ဖြန့်ဝေခြင်းနှင့် ဗကသခွပ်ဒေါင်းအောင်လံတော်အား ချိတ်ဆွဲကာ စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို သုံးခွမြို့နယ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ် 
#ABFSU 

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ