၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


ဖေဖော်ဝါရီ ၂၂၊ ဗကသ

၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှဦးဆောင်၍ ကျေးရွာပြည်သူလူထုများ ပါဝင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ❝‌ပြာပုံပေါ်မှာ ပြည်သစ်တည်မယ်❞၊ ❝‌ကယ်တင်ရှင် ဘယ်သောအခါမှမရှိ❞ စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ကြပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ် 
#ABFSU

Popular Posts

ဖက်ဆစ်‌တော်လှန်ရေးနေ့

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ