ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ကမာရွတ်တရားရုံးမှ အမိန့်ချမည်ဟု သိရ


ဖေဖော်ဝါရီ ၂၃၊ ဗကသ

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဖက်ဆစ်စစ်တပ်မှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) ဖြင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဟု သိရပါသည်။ ကိုဝေယံဖြိုးမိုးသည် ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ ချမှတ်ခံထားရပြီး မရမ်းကုန်းမြို့နယ်တရားရုံးမှလည်း မတရားပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ် 
#ABFSU

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်