ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ကမာရွတ်တရားရုံးမှ အမိန့်ချမည်ဟု သိရ


ဖေဖော်ဝါရီ ၂၃၊ ဗကသ

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဖက်ဆစ်စစ်တပ်မှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) ဖြင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဟု သိရပါသည်။ ကိုဝေယံဖြိုးမိုးသည် ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ ချမှတ်ခံထားရပြီး မရမ်းကုန်းမြို့နယ်တရားရုံးမှလည်း မတရားပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ် 
#ABFSU

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ