မုံရွာအရှေ့ပိုင်းခရိုင် ဒေသတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဖေဖော်ဝါရီ ၂၃၊ ဗကသ

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်သော ဒေသခံကာကွယ်ရေးခေါင်းဆောင် "ဗိုလ်သက်တံ့" ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးခြင်း (၄) လပြည့်ကို အောက်မေ့ဂုဏ်ပြုလျှက် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ကျောင်းသား/ပြည်သူ ပူးပေါင်းပါဝင်သော သပိတ်စစ်ကြောင်းသည် "နံရံကို ခေါင်းနဲ့မတိုက်နဲ့တဲ့ ငါတို့ကား နိုင်လိုစိတ်ဖြင့်တိုက်၏ အာဏာရှင်တံတိုင်း ဗုန်းဗုန်းလဲစေ" စာသားပါ ဘန်နာဖြင့် စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို မုံရွာအရှေ့ပိုင်းခရိုင်ဒေသတွင် ပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ်
#ABFSU

(ဖက်ဆစ်တပ်မှ ဆက်သွယ်ရေးဖြတ်တောက်မှု အခက်အခဲများကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်သည်။)

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ