ABFSU Fundraising


1.ABFSU Fundraising Campaign ဆိုတာဘာလဲ?


ABFSU Fundraising Campaign ဆိုတာ ဗကသများအဖွဲ့ချုပ်ကနေစီစဥ်တဲ့ ရံပုံငွေရှာဖွေရေးလှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ရဲဘော်တွေကို ထောက်ပံ့နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ 


2.ဗကသများအဖွဲ့ချုပ်ဘာတွေလုပ်နေလဲ?


ဗကသများအဖွဲ့ချုပ်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို တစိုက်မတ်မတ်လုပ်လာခဲ့တဲ့ အဖွဲ့အစည်းပါ။ ၂၀၂၁ အာဏာသိမ်းမှုမှာလည်း ဗကသများအဖွဲ့ချုပ်ဟာ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး ဒေသအသီးသီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအလံကို မြင့်မြင့်မားမားလွှင့်ထူတိုက်ပွဲ၀င်နေကြပါတယ်။ သပိတ်တိုက်ပွဲတွေ ဆင်နွှဲနေကြပါတယ်။


3.ဘယ်လိုအစီအစဥ်တွေလုပ်ထားသလဲ?


စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရံပုံငွေအတွက် ကျွန်တော်တို့ လက်မှတ်စောင်ရေ တစ်သောင်းရောင်းချသွားမှာဖြစ်ပါတယ်။ လက်မှတ်တစ်စောင်ကို ဗမာငွေကျပ် (၅၀၀၀) (သို့မဟုတ်) အမေရိကန်ဒေါ်လာ (၃) ‌ဒေါ်လာနှုန်းနဲ့ရောင်းချပေးမှာပါ။ ဗမာပြည်တွင်းသာမက ပြည်ပကနေလည်း လက်မှတ်တွေ၀ယ်ယူလှူဒါန်းလို့ရအောင်စီစဥ်ထားပါတယ်။ လက်မှတ်တစ်သောင်းထဲက ကံထူးရှင်တွေကို အမှတ်တရအဖြစ် အနုပညာပစ္စည်းများ၊ စာအုပ်များနဲ့ အခြားအမှတ်တရလက်ဆောင်ပစ္စည်းတွေပေးဖို့ စီစဥ်ထားပါတယ်။ မိဘပြည်သူများအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပါ၀င်လှူဒါန်းကြပါဦးလို့  မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ လှုပ်ရှားမှုစမယ့်ရက်ကို ABFSU Fundraising page ကနေ ​​ကြေညာပေးမှာမို့လို့ မိဘပြည်သူများအနေနဲ့ စောင့်ကြည့်ပြီး ပါဝင်ကူညီလှူဒါန်းပေးကြပါဦးခင်ဗျာ။ ငွေသားအလှူတင်မကပဲ အနုပညာပစ္စည်း အမှတ်တရလက်တောင်ပစ္စည်းတွေလည်းလှူဒါန်းလို့ရပါတယ်ခင်ဗျာ။


အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ!

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty