ဗကသများအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ABFSU Fundraising Campaign

ပြည်တွင်း/ပြည်ပမှ မိဘပြည်သူများ ခင်ဗျား . . .

🛑 ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ဒီကနေ့အထိ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဗမာပြည် နေရာအနှံ့အပြားမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပေါင်း ၁၀၀၀ ကျော်ကို ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့အထိလည်း ဒေသအသီးသီးမှာ ဗကသခွပ်ဒေါင်းအောင်လံကို ဆက်လက်လွှင့်ထူပြီး ဘုံရန်သူ စစ်သုံးစစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။

🛑 လက်ရှိမှာ ဗကသများအဖွဲ့ချုပ်အနေနဲ့ အဆိုပါလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့နဲ့ လုပ်ငန်းစဉ်အချို့ကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယအကြိမ် “ABFSU Fundraising Campaign” ရံပုံငွေရှာဖွေရေး လှုပ်ရှားမှုတရပ်ကိုလည်း လုပ်ဆောင်နေပါတယ်ခင်ဗျာ။ ဒါ့ကြောင့် ပြည်တွင်း/ပြည်ပက မိဘပြည်သူများအနေနဲ့ ဒုတိယအကြိမ် ABFSU Fundraising Campaign မှာ ပါဝင်ကူညီပေးကြဖို့ လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ 

🛑 အသေးစိတ် အချက်အလက်တွေအတွက် ABFSU Fundraising Page (https://m.me/abfsu.fundraising) ကတဆင့် ဆက်သွယ်စုံစမ်းပြီး Wave Pay၊ KBZ Pay၊ NUG Pay၊ Bangkok Bank Account တို့နဲ့ ထောက်ပံ့လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

🛑 ဆက်သွယ်လှူဒါန်းရန် - https://m.me/abfsu.fundraising

“အမျိုးသားခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံး လွှင့်ထူကြ”
“ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်”

တော်လှန်ရေးသစ္စာဖြင့်
ABFSU Fundraising
#ဗကသ #abfsu #fundraising #ရံပုံငွေ

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ