ဗကသရဲဘော် မဆုသွန်းပိုင်အား ဖက်ဆစ်တရားရုံးက ထောင်ဒဏ် ၃ နှစ် မတရားအမိန့်ချမှတ်

​


၂၀၂၃ မတ်လ ၃၀၊ ဗကသ


အထက (၂) မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အဖွဲ့ဝင်ဖြစ်သူ မဆုသွန်းပိုင်အား မရမ်းကုန်းမြို့နယ်တရားရုံးက မတရားစွဲဆိုထားသော ၅၀၅(က) ပုဒ်မဖြင့် မတ်လ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်အမိန့်ချလိုက်ကြောင်း သိရသည်။


အသက် ၁၈ နှစ်အရွယ်ရှိ ဗကသရဲဘော် မဆုသွန်းပိုင်သည် အခြေခံပညာအထက်တန်း ကျောင်းသူတဦးဖြစ်ပြီး၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖက်ဆစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရကာ ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို 

ဗကသများအဖွဲ့ချုပ် 

#ABFSU #ဗကသ #whathappeninginmyanmar #မဆုသွန်းပိုင်

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်