ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား ဖက်ဆစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း မတရားအမိန့်ချမှတ်

​


၂၀၂၃ မတ်လ ၂၃၊ ဗကသ


မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် မတ်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ကြောင်း သိရသည်။ အသက် ၂၀ နှစ်အရွယ်ရှိ ဗကသရဲဘော် ကိုကောင်းဆက်ပိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖက်ဆစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရပြီး ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်သည်။


ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပိုအား ဖက်ဆစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို 

ဗကသများအဖွဲ့ချုပ် 

#ABFSU #ဗကသ #whathappeninginmyanmar #ကိုကောင်းဆက်ပိုင် #ကိုဟိန်းထက်

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်