ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ


သဝဏ်လွှာအမှတ် - /ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်


ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကျရောက်သော ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်  နှစ်ပြည့် နှစ်ပတ်လည် အချိန်အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဦးစွာပထမ ပြောကြားလိုပါသည်။ စတင်ဖွဲ့စည်းစဉ်မှ ယနေ့အထိ တော်လှန်ရေးလှုပ်ရှားမှုများတွင်အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေကြသော တကသများ - ရန်ကုန် ကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကအလေးအနက် အသိအမှတ်ပြုအပ်ပါသည်။


ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် အနေဖြင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားဟူသော စစ်သုံးစစ် တိုက်ဖျက်ရေး၊ အဖိနှိပ်ခံလူထု လွတ်‌မြောက်ရေးနှင့် ပြည်သူ့ဒီမိုရေစီ အရေးတော်ပုံ တိုက်ပွဲများတွင် ရဲဘော်တို့နှင့်အတူတကွ လက်တွဲဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ တကသများ - ရန်ကုန်အနေဖြင့် ရှေ့ဆက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို ဆက်လက်တိုက်ပွဲဝင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်းဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ