ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ


သဝဏ်လွှာအမှတ် - /ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်


ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကျရောက်သော ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်  နှစ်ပြည့် နှစ်ပတ်လည် အချိန်အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဦးစွာပထမ ပြောကြားလိုပါသည်။ စတင်ဖွဲ့စည်းစဉ်မှ ယနေ့အထိ တော်လှန်ရေးလှုပ်ရှားမှုများတွင်အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေကြသော တကသများ - ရန်ကုန် ကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကအလေးအနက် အသိအမှတ်ပြုအပ်ပါသည်။


ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် အနေဖြင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားဟူသော စစ်သုံးစစ် တိုက်ဖျက်ရေး၊ အဖိနှိပ်ခံလူထု လွတ်‌မြောက်ရေးနှင့် ပြည်သူ့ဒီမိုရေစီ အရေးတော်ပုံ တိုက်ပွဲများတွင် ရဲဘော်တို့နှင့်အတူတကွ လက်တွဲဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ တကသများ - ရန်ကုန်အနေဖြင့် ရှေ့ဆက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို ဆက်လက်တိုက်ပွဲဝင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်းဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ