ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က သမဂ္ဂစာကြည့်တိုက် ဖွင့်လှစ်


၂၀၂၃ မတ် ၂၈၊ ဗကသ


ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ ကနီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုတွင် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ကာကွယ်ရေးရဲဘော်များအား အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သမဂ္ဂစာကြည့်တိုက်တခုကို ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားဖြင့် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။













သမဂ္ဂစာကြည့်တိုက် အောင်မြင်စွာဖွင့်လှစ်နိုင်ရန်အတွက် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေး/ကာကွယ်ရေးအဖွဲ့အစည်းများက လုပ်အား၊ ငွေအားဖြင့် ပါဝင်ကူညီပေးခဲ့ကြပါသည်။






သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #သမဂ္ဂစာကြည့်တိုက် #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”