ဗကသရဲဘော်များနှင့် မဟာမိတ်ရဲဘော်များ ပူးပေါင်း၍ “၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်


၂၀၂၃ ဩဂုတ် ၈၊ ‌ဗကသ

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဗကသရဲဘော်များနှင့် မဟာမိတ်ရဲဘော်များ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် နယ်စပ်ဒေသတခု၌ ပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားတွင် ခေတ်အဆက်ဆက်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီအရေးတိုက်ပွဲများတွင် ကျဆုံးခဲ့ကြသည့် ကျောင်သား ပြည်သူများအား အလေးပြုခြင်း၊ တော်လှန်ကဗျာဆရာများမှ တော်လှန်ကဗျာများအား ရွတ်ဆိုခြင်း၊ ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်များမှ အမှတ်တရစကားပြောကြားခြင်း ပြုလုပ်ခဲ့ပါသည်။

ဓာတ်ပုံ - သတင်းမီဒီယာများနှင့် ဟိန်းအောင် (ဖိုတိုဒါန)

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #8888 #WhatsHappeningInMyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ