ဗကသရဲဘော်များနှင့် မဟာမိတ်ရဲဘော်များ ပူးပေါင်း၍ “၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်


၂၀၂၃ ဩဂုတ် ၈၊ ‌ဗကသ

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဗကသရဲဘော်များနှင့် မဟာမိတ်ရဲဘော်များ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် နယ်စပ်ဒေသတခု၌ ပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားတွင် ခေတ်အဆက်ဆက်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီအရေးတိုက်ပွဲများတွင် ကျဆုံးခဲ့ကြသည့် ကျောင်သား ပြည်သူများအား အလေးပြုခြင်း၊ တော်လှန်ကဗျာဆရာများမှ တော်လှန်ကဗျာများအား ရွတ်ဆိုခြင်း၊ ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်များမှ အမှတ်တရစကားပြောကြားခြင်း ပြုလုပ်ခဲ့ပါသည်။

ဓာတ်ပုံ - သတင်းမီဒီယာများနှင့် ဟိန်းအောင် (ဖိုတိုဒါန)

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #8888 #WhatsHappeningInMyanmar

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty