၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး (၃၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယင်းမာပင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ သြဂုတ်လ ၈ ၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်ကော်မတီနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး (၃၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ ဩဂုတ်လ ၈ ရက်နေ့၌ “မပြီးဆုံးသေးတဲ့ (၈)လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ငါတို့ခေတ်မှာ အဆုံးသတ်စို့” စာသားပါဘန်နာများအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ယင်းမာပင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ 


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #8888 #WhatsHappeningInMyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့