ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အင်အားစုများက ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုပြုလုပ်


သြဂုတ် ၉ ရက်၊ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ မင်္ဂလာတောင်ညွှန့်သပိတ်ကော်မတီ၊ တာမွေသပိတ်ကော်မတီ၊ Burma youth Revolutionary Force (BYRF) နှင့် Mayangon Democratic Front တို့ ပူးပေါင်း၍ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာသားပါဘန်နာအား ကိုင်စွဲပြီး ရန်သူ့ဖိနှိပ်မှုများ တင်းကျပ်သည့်ကြားမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #8888 #WhatsHappeningInMyanmar 

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ