အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ရဲဘော်ညီမင်းသူ ကျဆုံးခြင်း ၂ နှစ်ပြည့် အလေးနီပြုခြင်းအခမ်းအနား ပြုလုပ်


၂၀၂၄ ဖေဖော်ဝါရီ ၂၅၊ ဗကသ

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီကနေ့ညနေပိုင်း ဗကသရဲဘော်ကိုညီမင်းသူကျဆုံးခြင်း၂ နှစ်ပြည့်အနေနဲ့ အခမ်းအနားတခုကို  လွတ်မြောက်နယ်မြေတခုမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ရဲဘော်ညီမင်းသူရဲ့မိသားစု၊ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေကနေ ပူပေါင်းပြီး ကျင်းပပြုလုပ်တာဖြစ်ပါတယ်။


အခမ်းအနားမှာ ရဲဘော်ညီမင်းသူအပါဝင် ခေတ်အဆက်ဆက်ကျဆုံးသွားတဲ့အာဇာနည်တွေကို အလေးပြုတာနဲ့ အခမ်းနားအတွက်ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဗကသမျိုးဆက်ဟောင်း မျိုးဆက်သစ်ရဲဘော်တွေ၊ ဗကသရဲ့ နိုင်ငံရေးဟာမိတ်အင်အားစုတွေနဲ့ တခြားတော်လှန်ရေးအင်အားစုတွေကနေ ရဲဘော်ညီမင်းသူအတွက် ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါတယ်။ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ တခြားနီးစပ်သူတွေ အခမ်းအနားကို တက်ရောက်ပါဝင်ခဲ့ကြပါတယ်။


ရဲဘော်ညီမင်းသူဟာ လွန်ခဲ့တဲ့၂ နှစ် ဒီလိုနေ့က မရမ်းကုန်းမြို့နယ်က Safe House တခုမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်စီနင်းပြီး ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်တဦးဖြစ်ပါတယ်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ