စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) (၃)နှစ်ပြည့် အထိမ်းအမှတ်သို့ ‌ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၅/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ဟာ စတင်ဖွဲ့စည်းပြီးကတည်းက  အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဘက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ဒီကနေ့ဆိုရင် (၃) နှစ်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲတွေမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်သောအဖွဲ့အစည်းတရပ်အဖြစ် ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အနေနဲ့ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်မျှော်လင့်ပါတယ်။ 

ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်ကလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အပါအဝင် တောင်ပေါ်/မြေပြန့် ဒေသအားလုံးက မဟာမိတ်အင်အားစုတွေ၊ အဖိနှိပ်ခံပြည်သူလူထုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြုပါတယ်။

“စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်ကြ”
“စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အဓွန့်ရှည်ပါစေ”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ