ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၆/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်

စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ဖက်ဆစ်အုပ်စုရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌဟောင်း ကိုညီမင်းသူ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် (၂) နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။

လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ ပြတ်ပြတ်သားသား အသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ ဗကသရဲဘော် ကျောင်းသားအာဇာနည် ကိုညီမင်းသူကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

ခေတ်အဆက်ဆက်မှာ ကျောင်းသားထုနဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖက်ဆစ်စစ်တပ်ဟာ လက်ရှိကာလမှာလည်း လူမျိုးပေါင်းစုံ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်တာ၊ နှိပ်စက်သတ်ဖြတ်တာတွေ နေ့စဉ်နဲ့အမျှပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပါတယ်။ 

ဒါ့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ အဖိနှိပ်ခံပြည်သူလူထု အလုံးစုံလွတ်မြောက်ရေးအတွက် ဗကသရဲဘော် ကိုညီမင်းသူရဲ့ မပြီးပြတ်သေးတဲ့ တိုက်ပွဲတာဝန်တွေကို ဆက်လက်သယ်ဆောင်ပြီး ဘုံရန်သူစစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြုရင်း ဒီဂုဏ်ပြုသဝဏ်လွှာကို ပေးပို့လိုက်ပါတယ်။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ