အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်



၂၀၂၄ ဖေဖော်ဝါရီ ၁၃၊ ဗကသ

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ (၁၀၉) နှစ်ပြည့်မွေးနေ့တွင် အရာတော်မြို့နယ်၌ အောက်မေ့သတိရခြင်း အခမ်းအနားတခုပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်သူလူထုအား ပဲပြုတ်နှင့်နံပြားများဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နှိုးဆော်တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပါသည်။






သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #လှုပ်ရှားမှု #ကိုအောင်ဆန်း #ဗိုလ်ချုပ်အောင်ဆန်း #whathappeninginmyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ