အရာတော်ဒေသတွင် ဗကသများအဖွဲ့ချုပ်က (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဇူလိုင် ၂၀၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာကိုးဦးမက” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဇူလိုင်လ ၁၉ ရက်နေ့၌ အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။



လူထုသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လာရောက်ဝန်းရံပြီး လုံခြုံရေးယူပေးကြသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။



မှတ်ချက်။ ဖက်ဆစ်တပ်မှ အရာတော်ဒေသအား အင်တာနက်ဖြတ်တောက်ထားသောကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar
#19July

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ