ဗကသကျောင်းသားတဦးအား ဖက်ဆစ်တပ်က အကြမ်းဖက်ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်


၂၀၂၂ ဇူလိုင်လ ၂၉၊ ဗကသ


အထက(၃)ဗဟန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ ဖြစ်သူ ကိုဇော်မျိုးအား ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖက်ဆစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားပြီး စမ်းချောင်းရဲစခန်းတွင် ချုပ်နှောင်ကာ ညှဉ်းပန်းနှိပ်စက်နေသည်။ ဗကသရဲဘော် ကိုဇော်မျိုးအား အခြားရဲဘော်များ၏ ဓာတ်ပုံများကိုပြ၍ နားထဲမှ သွေးများထွက်သည်အထိ နှိပ်စက်စစ်ဆေးထားပြီး ပုဒ်မ ၅၀၅ (က)ဖြင့် မတရားစွဲဆိုကာ သြဂုတ်လအတွင်း အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ