ရန်ကုန်တွင် မဟာမိတ်များ၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအား ဗကသများအဖွဲ့ချုပ်က ပူးပေါင်းဝန်းရံ

​


၂၀၂၂ ဇူလိုင် ၂၄၊ ဗကသ


ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ - YRSC နှင့် မဟာမိတ်အင်အားစုများ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့၌ ရန်ကုန်မြို့တွင် "လွတ်မြောက်ခြင်းကို ပုန်ကန်ခြင်းနဲ့စတင်ကြ" စာသားပါဘန်နာအား ကိုင်ဆောင်၍ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ 




၎င်းလှုပ်ရှားမှုကို ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ - YRSC မှ ဦးဆောင်ပြုလုပ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် ကျောင်းသားသမဂ္ဂများ၊ ပုဇွန်တောင်/ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC)၊ Yangon Revolution Force - YRF (Soft strike Commitee)၊ ဗမာ့လူငယ်ကွန်ရက် - ဗလက၊ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ထဝအကသ)၊ လှိုင်သာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (လသယအကသ)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့မှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ 



လှုပ်ရှားမှုတွင် "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "No God, No Master, No Justic, No Peace"၊ "Vivala Revoluta (တော်လှန်ရေးအဓွန့်ရှည်ပါစေ)" အစရှိသော စာသားများအား ကိုင်ဆောင်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar 

Photo - AAMIJ

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်