ရန်ကုန်တွင် မဟာမိတ်များ၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအား ဗကသများအဖွဲ့ချုပ်က ပူးပေါင်းဝန်းရံ


၂၀၂၂ ဇူလိုင် ၂၄၊ ဗကသ


ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ - YRSC နှင့် မဟာမိတ်အင်အားစုများ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့၌ ရန်ကုန်မြို့တွင် "လွတ်မြောက်ခြင်းကို ပုန်ကန်ခြင်းနဲ့စတင်ကြစာသားပါဘန်နာအား ကိုင်ဆောင်၍ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ 




၎င်းလှုပ်ရှားမှုကို ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ - YRSC မှ ဦးဆောင်ပြုလုပ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ၊ ပုဇွန်တောင်/ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC) Yangon Revolution Force - YRF (Soft strike Commitee) ဗမာ့လူငယ်ကွန်ရက် - ဗလက၊ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ထဝအကသ) လှိုင်သာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (လသယအကသ) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသတို့မှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ 



လှုပ်ရှားမှုတွင် "လုံးဝအုပ်ချုပ်ခွင့်မရစေရ" "No God, No Master, No Justic, No Peace" "Vivala Revoluta (တော်လှန်ရေးအဓွန့်ရှည်ပါစေ)" အစရှိသော စာသားများအား ကိုင်ဆောင်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar 

Photo - AAMIJ

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ