ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၈၇) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်


ကြေညာချက်အမှတ် - /ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် မေလ  ရက်


               ယနေ့ ၂၀၂၃ ခုနှစ် မေလ  ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်ဖွဲ့စည်းတည်ထောင်ခြင်း (၈၇နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ဗကသများအဖွဲ့ချုပ်သည်ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အာဏာရှင်ခေတ်မှသည် ယခု စစ်အာဏာသိမ်း ဖက်ဆစ်အစိုးရ လက်ထက်အထိ ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး၊ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး အစရှိသည့် တိုက်ပွဲများတွင်ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။


               ၂၀၂၁ ဖေဖော်ဝါရီ  ရက်နေ့၌ ဖက်ဆစ်တပ်က တကြော့ပြန် အာဏာသိမ်းခဲ့ပြီးနောက်တွင်လည်းဖေဖော်ဝါရီလ  ရက်နေ့မှစ၍ ယနေ့အချိန်အထိ ဗကသများအဖွဲ့ချုပ်သည် မြေပြင်သပိတ်လှုပ်ရှားမှုများ၊ လူထုစည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းစဉ်များ၊ စာစောင်/ပန်ဖလက်ဖြန့်ဝေခြင်းလုပ်ငန်းစဉ်များ အစရှိသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပေါင်း (၉၄၇ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုများတွင် ဖက်ဆစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဗကသရဲဘော် (၁၁ဦး ကျဆုံးခဲ့ရပြီး ဗဟိုအမှုဆောင်အဖွဲ့ဝင်ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး အပါအဝင် ရဲဘော် (၅၅ဦး ဖမ်းဆီးခံရကာ လက်ရှိတွင် ရဲဘော် (၃၀ဦးအကျဉ်းထောင် အသီးသီး၌ မတရားချုပ်နှောင်ခံထားရသည်။ ချုပ်နှောင်ခံထားရသည့် ဗကသရဲဘော်များထဲတွင်ထောင်ဒဏ် (နှစ်မှ တသက်တကျွန်းအထိ မတရားအမိန့်များ အသီးသီးချမှတ်ခံထားရပြီး တသက်တကျွန်း အမိန်ချခံထားရသူ (ဦးနှင့် သေဒဏ်ချမှတ်ခံထားသူ (ဦး ရှိသည်။


               ဖက်ဆစ်တပ်က အကြမ်းဖက်ကာ အာဏာသိမ်းယူထားသည့် ဤကာလတွင် တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်မှာ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသောဖက်ဆစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲဘက်များနှင့်ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။


တောင်ပေါ်/မြေပြန့် ညီညွတ်ကြ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ

ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး မုချအောင်ရမည်

 

ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်


#ABFSU_1936_2023

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty