ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ မေ ၃၊ ဗကသ


မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒဂုံမြို့​သစ်(မြောက်ပိုင်း)မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ယနေ့ မေလ ၃ ရက်နေ့တွင် "တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး" စာသားပါ စတေကာများအား ရန်ကုန်မြို့၌ ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။






မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားသေဒဏ် အမိန့်ချမှတ်ထားခဲ့သည်။








သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ