ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၃ မေ ၇၊ ဗကသ


ကျောင်းသားထု ပြည်သူလူထုအား အကြမ်းဖက် ဖက်ဆစ်စစ်တပ်က မတရားဖမ်းဆီးခြင်း၊ သေဒဏ်ချမှတ်နေခြင်းများနှင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ ဖက်ဆစ်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ကြရန် "တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး"၊ "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်တိုက်ဖျက်ကြ" စာသားပါ ဘန်နာများအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ ရန်ကုန်မြို့၌ ချိတ်ဆွဲ၍ ပြည်သူလူထုအား စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ မေလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။






သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ