၁၃၃ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) သို့ ပေးပို့သော သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၆/ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် မေလ ၁ ရက်


                  အဖိနှိပ်ခံ ကမ္ဘာ့အလုပ်သမားထု၏ အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေသော ယနေ့ကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခြင်းအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အလေးအနက် ဂုဏ်ပြုအပ်ပါသည်။


                  ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အရင်းရှင်လူတန်းစားနှင့် အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ ဗမာပြည်အလုပ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ဗမာပြည်တွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖိနှိပ်ခံအလုပ်သမားထုကြီးသည် ယနေ့အချိန်အထိ အထွေထွေအကျပ်အတည်းကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။ 


                  ဗမာပြည် အဖိနှိပ်ခံအလုပ်သမားထု၏ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန်မှာ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ဖျက်ပြီး အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်ရေးအတွက် ကြိုးပမ်းရန်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း စစ်အာဏာရှင်စနစ်အား အဖိနှိပ်ခံအလုပ်သမားထုကြီးနှင့် လက်တွဲကာ ဆုံးခန်းတိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ၁၃၃ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။


“အဖိနှိပ်ခံတို့ သွေးစည်းကြစို့”


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်


#ဗကသ #abfsu #မေဒေး #MayDay #abftu #whathappeninginmyanmar

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ